Tuesday, November 5, 2013

iOS 7 မှာ မြန်မာစာ သွင်းနည်း (Without Jailbreak , Visible Safari Browser)

iOS 7 သုံး iPhone/iPad/iPod Touch များကို Jailbreak လုပ်စရာမလိုဘဲ မြန်မာစာထည့်သွင်းနိုင်မယ့် နည်းလမ်းကို ၄.၁၁.၂၀၁၃ ရက်နေ့မှာ iOS Developer ကိုသန့်သက်က ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနည်းလမ်းမှာ iOS ရဲ့ App တွေ Function တွေအားလုံးနီးပါးကို မြန်မာစာမြင်ရသွားပေမယ့် iOS 7 ရဲ့ Safari Browser မှာတော့ မြန်မာစာမပေါ်သေးပါဘူး ။ အခုတော့ iOS 7 ရဲ့ Safari Browser
မှာမြန်မာစာပေါ်အောင်လုပ်နည်း ကို Developer ကိုထိန်လင်းရွှေက လုပ်ဆောင်ပြသထားပါတယ်။အောက်မှာဆက်လက်ဖတ်ရှုရအောင်။
အရင်ဆုံး iOS 7 တင်ထားတဲ့ iDevices များမှာ Jailbreak မလုပ်ဘဲမြန်မာစာမြင်နိုင်ဖို့အတွက် အောက်ပါ နည်းကိုအရင်လုပ်ဆောင်ထားရပါမယ်။

Method 1
 
iOS 7 မှာ ဇော်ဂျီဖောင်ကို ဂျေးဘရိတ် ( Jailbreak ) မလုပ် ဘဲ ထည့်လို့ရပါပြီ။ အရင်ဆုံး iDevices ကိုအင်တာနက်ချိတ်ဆက်ထားပါ။ ပြီးရင်
iOS 7 ရဲ့ Safari Web Browser ကနေ http://d.pr/f/M8Es+ ကို ဝင်လိုက်ပါ။

အပေါ်က ပုံထဲကအတိုင်းပေါ်လာပါမယ်။ ပြီးရင် Install လုပ်ပါ ပြီးတာနဲ့ iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။
Mobileconfig File ရးသားပေးတဲ့ Thant Thet နဲ့ ဖြန်ချီပေးတဲ့ Htain Lin Shwe တို့ကို ကျေးဇူးတင်ပါတယ်။
Ref & Credit: Ko Thant Thet , Ko Htain Lin Shwe, U Ye Myat Thu


Method 2
iOS 7 မှာ ဇော်ဂျီဖောင့်ကို ဂျေးဘရိတ် (Jailbreak ) မလုပ် ဘဲ ထည့်လို့ရတဲ့ နောက်ထပ် Tool တစ်ခုပါ။ အရင်ဆုံး iDevices ကိုအင်တာနက်ချိတ်ဆက်ထားပါ။ ပြီးရင် iOS 7 ရဲ့ Safari Web Browser ကနေ http://cl.ly/311I2y3T0t2w ကို ဝင်လိုက်ပါ။
အပေါ်က ပုံထဲကအတိုင်းပေါ်လာပါမယ်။

ပြီးရင် Install လုပ်ပါ ပြီးတာနဲ့ iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။
အခု Mobile Config ဖိုင်လေးကိုဖန်တီးသူကတော့ ကို Sezin Lynn ဖြစ်ပြီး Font ကတော့ MMF က ကို DJ Joe Man ရဲ့ ဇော်ဂျီသရဲဖောင့်ကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။
ပြီးရင်တော့ စပါမယ်ဗျာ...
Zawgyi Mobileconfig သွင်းထားရန် လိုအပ်ပါသည်။
၁။ iOS Safari က ကို နှိပ်ပြီးတော့ Bookmark ကို နှိပ်ပါ။
၂။ Location ကို Bookmarks ပြောင်းပါ။ ပြီးရင် save လုပ်လိုက်ပါ။
၃။ iOS Safari က Bookmark ကို နှိပ်ပါ။
၎။ Edit ကို နှိပ်ပါ။
၅။ Zawgyi Force ကို နှိပ်ပါ
၆။ Address နေရာမှာ အောက်က စာတွေ copy ကူးပြီး replace လုပ်လိုက်ပါ။
အောက်က ပုံလို မျိုး javascript: နဲ့ စတာလေး ဖြစ်နေရပါမယ်။
၇။ Save လုပ်လိုက်ပါ။ ဒါဆိုရင် Zawgyi Force Bookmark ရပါပြီ။ မြန်မာစာ မမြင်ရတဲ့ Website မှာ Bookmark ကို ဖွင့်ပြီးတော့ Zawgyi Force ကို နှိပ်လိုက်ရင် ရပါပြီ။

Credit to MMAS (www.myanmarmobileapp.com)

0 comments:

Post a Comment